ဖလမ်း ၇ ဇွန်
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၆ ရက်က ဖလမ်းမြို့နယ်အတွင်း လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ အဲလ်ဇာမွာလ်-လုံသာရ်ကြား အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြင့် ဆောက်လုပ်သည့် ကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ တားလ်- အဲလ်ဇာမွလ်- လုံးသာရ်- ဘောမ်းဘား ကျေးရွာချင်းဆက်လမ်း လမ်းသစ်ဖောက်လုပ်မှု အခြေအနေ၊ လိုင်ဗား- ရူလ်ဘူး- တျဒိုင်- ဘောမ်းဘား- ခေါလုံး-ဇို ဒီဟိုင်- ဘုန်ဇုံး- အွေးစိ- ဒါသဲသီး- ခွန်လုံး ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှု အခြေအနေများနှင့် ဖလမ်း-ရိခေါ်ဒါရ်လမ်းရှိ ကွန်ကရစ်တံတား တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


