ဖလမ်း ဇန်နဝါရီ        

ဖလမ်းမြို့ မြို့တော်ခန်းမအဆောက်အဦသစ် ဖွင့်ပွဲကို ဇန်နဝါရီ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါ ခန်းမအဆောက်အဦသစ် မျက်နှာစာ၌ ကျင်းပရာ မြို့တော်ခန်းမသစ်အတွက် သိက္ခာတော်ရဆရာတော် ထောင်းအွယ်က ဆုတောင်းဆက်ကပ်အပ်နှံပေးသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် နှင့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အမှာစကား ပြောကြားကြသည်။

မြို့တော်ခန်းမအဆောက်အဦသစ်ကို ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၊ မြို့မိ မြို့ဖ နာယက ဦးဗန်ကြီး၊ မြို့မိမြို့ဖ ဒေါက်တာ ရွန်ဘိခ် နှင့် Aroma Rose ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖြန်းပြီး ခန်းမဆောင်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖလမ်းမြို့ မြို့တော်ခန်းမ အဆောက်အဦသစ်သည် အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ငွေ ကျပ် သန်း(၄၆၅) (နတလ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ)နှင့် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် GRF ရန်ပုံငွေ ကျပ် သန်း(၃၈၅) စုစုပေါင်း ကျပ်သန်း(၈၅၀) ကုန်ကျခံကာ တင်ဒါရ Aroma Rose ကုမ္ပဏီက (၁၀၀×၇၂×၃၄)ပေ RCC ()ထပ်ဖြင့် ဆောက်လုပ်ပြီးစီးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်