ဟားခါး နိုဝင်ဘာ ၁၀
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဒေသန္တရလုပ်ငန်းစီမံကိန်းနှင့် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၆−၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အထိ (၅)နှစ် စီမံကိန်းများ ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ ဒေသန္တရလုပ်ငန်းစီမံကိန်းများကို ရေးဆွဲရာတွင် ဒေသဖွံ့ဖြိုးရေးကို အဓိက အထောက်အကူပြုမည့် စီမံကိန်းများဖြစ်ရန်အတွက် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ ရည်ရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)တို့နှင့်အညီ ရေးဆွဲရမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် အလေးထား ရေးဆွဲရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအအထိ (၆) လ ဘတ်ဂျက်အထိ တင်ဒါခေါ်ယူသည့်လုပ်ငန်းများ အမြန်ပြီးဖြစ်အောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နယ်မြေဒေသအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရန်၊ အခက်အခဲရှိသည့် မြို့နယ်များရှိပါက အခြားဆောင်ရွက်နိုင်မည့် မြို့နယ်များကို ကြိုတင်လျာထားရန်နှင့် အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံနိုင်ရေး တင်ပြဆောင်ရွက်ပေးရန် အမှာစကား ပြောကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နယ်မြေဒေသ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရလုပ်ငန်းစီမံကိန်းနှင့် ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆−၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် အထိ (၅) နှစ်စီမံကိန်း ရေးဆွဲဆောင်ရွက်မည့် အခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူပြီး စီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအခြေအနေ၊ ပန်းခင်းစီမံချက်အရ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က စီမံကိန်းရေးဆွဲရာတွင် အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တင်ပြရန်နှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဆင့်ဌာနများနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲရန်၊ ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ တင်ပြရန်နှင့် ပြည်နယ်အတွက် ရရှိသည့် ရန်ပုံငွေများကို အကျိူးရှိထိရောက်စွာ အသုံးပြုရန်နှင့် လုပ်ငန်းပြောင်းလဲ ဆောင်ရွက်လိုပါက အချိန်မီတင်ပြရန်နှင့် စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း(ပြန်/ဆက်)


