ဟားခါး ၁၃ မတ်    

    

မြန်မာနိုင်ငံတွင် မတ်လ (၈)ရက်နေ့က ကျင်းပခဲ့သော One Championship- MMA(Mixed Martial Arts) ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားကို အနိုင်ရရှိပြီး ဇာတိမြေသို့ ပြန်လည် ရောက်ရှိလာသော မြန်မာ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသား (MMA)ကစားသမား “The Dragon Leg”ခေါ် ဆလိုင်းTial Cung Thangအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယနေ့ ညနေ ၅ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ၊ လက်ဆောင်ပစ္စည်းများကို ပေးအပ်ကြရာ အနိုင်ရ(MMA)ကစားသမား ဆလိုင်းTial Cung Thang မှလက်ခံပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။

 

MDN