ချင်းရွှေဟော်၊ ၂၄ မေ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် မေ ၂၄ ရက် နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်စတင်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းလာရောက်အပ်နှံသည့် မိဘပြည်သူ၊ ကျောင်းသား/ကျောင်းသူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများနှင့် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရန်အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇွန် ၁ ရက်တွင် ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


