ချင်းရွှေဟော်  ၁၇  ဇွန်  

 

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်  ချင်းရွှေဟော်မြို့  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇွန် ၁၆ ရက်  ညနေ ၆ နာရီတွင် (၉၅) ဉီးနှင့် ဇွန်လ ၁၇ ရက် နံနက် (၁၀) နာရီတွင် (၁၃၈) ဉီး   စုစုပေါင်း နေရပ်ပြန်ပြည်သူ (၂၃၃) ဉီး ထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၂၃၃) ဉီးတွင်   အမျိုးသား (၁၃၁) ဉီး၊ အမျိုးသမီး (၁၀၂) ဉီး တို့ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီးမှ(၁) ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ (၄၂) ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၇) ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ (၃၀) ၊ မကွေးတိုင်းဒေသကြီးမှ (၄၀)၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၅) ဉီး၊ ရှမ်းပြည်နယ်မှ (၉၅) ဉီးနှင့် နေပြည်တော်မှ (၃) ဉီး တို့ဖြစ်သည်။ 

 

ထိုသို့ ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ  မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် ဉီးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များမှ နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊  နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်း  နှင့်  ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့   ပြန်လည်ရောက်ရှိနိုင်စေရေးတို့အတွက်  ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ စနစ်တကျ  စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်မှာ  ဇွန်လ ၁၇ ရက်နေ့အထိ အမျိုးသား (၆၂၆၄) ဉီးနှင့်   အမျိုးသမီး (၄၉၀၇) ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၁၁၇၁) ဉီး တို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)