ချင်းရွှေဟော်  ၃၁   ဇူလိုင်  

 

တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်  ညနေ ၆ နာရီက  ၁၅ ဦးနှင့်   ယနေ့ မွန်းလွဲပိုင်းက (၃) ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၈) ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၈) ဦးတို့မှာ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၈)ဦး တို့ဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ(၂)ဦး၊ ကန့်ဘလူမြို့နယ်မှ(၁)ဦး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၆)ဦး၊  တာမိုးညဲမြို့နယ် မှ(၁)ဦး၊   နောင်ချိုမြို့နယ်မှ(၁)ဦး၊ သီပေါမြို့နယ်မှ(၁)ဦး၊ ကျောက်မဲမြို့နယ်မှ(၁)ဦး၊ လောက်ကိုင်မြို့နယ်မှ(၃)ဦး၊ ဟိုပန်မြို့နယ်မှ(၁) ဦးနှင့် ပန်လုံမြို့နယ်မှ(၁) ဦး တို့ဖြစ်ကြောင်း သိရသည်။ 

 

ထိုသို့  ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာဧပြီ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၇၂၉) ဦး နှင့် အမျိုးသမီး(၆၂၁၂) ဦး တို့ဖြစ်ပြီး စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၃၉၄၁)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)