ချင်းရွှေဟော် ၁၀ အောက်တိုဘာ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီက နေရပ်ပြန်ပြည်သူ ၁၇ ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ ၁၇ ဉီးမှာ အမျိုးသား ၁၁ ဉီးနှင့် အမျိုးသမီး ၆ ဉီးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်မှ ၂ ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ ၃ ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်မှ ၃ ဉီး၊ သနပ်ပင်မြို့နယ်မှ ၁ ဉီး၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ၂ ဉီး၊ မြောက်ဉီးမြို့နယ်မှ ၃ ဉီး ပေါက်တောမြို့နယ်မှ ၂ ဉီးနှင့် တောင်ကုတ်မြို့နယ် ၁ ဉီးတို့ ဖြစ်သည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၈၅၇၇ ဉီးနှင့် အမျိုးသမီး ၆၉၃၂ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၅၅၀၉ ဉီးကို နေရပ်အသီးသီး လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


