ချင်းရွှေဟော် ၁၂ အောက်တိုဘာ
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက်က ၂ ဉီး၊ ယမန်နေ့ ညနေ ၅ နာရီက ၂ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၄ ဉီးအား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ (၄)ဉီးမှာ အမျိုးသား (၁)ဉီးနှင့် အမျိုးသမီး(၃)ဉီးတို့ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ (၂)ဉီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်မှ(၂)ဉီးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၅၇၈)ဉီးနှင့် အမျိုးသမီး (၆၉၃၅)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၅၁၃)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


