ချင်းရွှေဟော်   ၃၀   ဇန်နဝါရီ  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း သွားလာနေကြသည့် အများပြည်သူများအား  တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့်   ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင် ရောဂါ) ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်(၁၀)နာရီအချိန်က နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးသည်။

 

“ကျွန်တော်တို့ ချင်းရွှေဟော်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံ  နယ်စပ်ဂိတ်ရှိတဲ့အတွက် သွားလာနေကြသည့်  အများပြည်သူများကို တရုတ်ဘက်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုမရှိစေရန် ရည်ရွယ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဖူလီလိုက်ဖ်အုပ်စုကုမ္ပဏီမှ ပေးပို့လှူဒါန်းတဲ့  နှာခေါင်းစည်း(Mask)များကို  အခမဲ့ဖြန့်ဝေပေးနေတာဖြစ်ပါတယ်”လို့  ချင်းရွှေဟော်မြို့ အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် ကပြောသည်။

 

ထိုသို့ ဖြန့်ဝေဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့   အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်ထမ်းများ၊    ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့  မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်သွားသည့် ပြည်ထောင်စုလမ်းမကြီး နှင့် ချင်းရွှေဟော်-လောက်ကိုင်လမ်းဆုံ နေရာများ၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ဖူလီလိုက်ဖ်အုပ်စု ကုမ္ပဏီမှပေးပို့ လှူဒါန်းသည့်  နှာခေါင်းစည်း(Mask)ခုရေ (၂၀၀၀)အား   ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)