ချင်းရွှေဟော် ၂၄  မတ်

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အမျိုးသားတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက် ၉ နာရီက ချင်းရွှေဟော်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်များပူးပေါင်း၍ ချင်းရွှေဟော် မြန်မာ-တရုတ် နယ်စပ်ဂိတ်၌ ဝင်ထွက်သွားလာသည့် ပြည်သူများအား လက်ဆေးနိုင်ရေးအတွက်   လက်ဆေးကန်၊ ဆပ်ပြာရည်ဘူးများ၊ Hand Gel များကို စနစ်တကျ ထားရှိပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောနိုင်ရေး  အသိပညာပေးဆွေးနွေးခြင်း၊ ပိုစတာများကပ်ထားခြင်းနှင့် ချင်းရွှေဟော်မြို့တွင်း၌ ရောဂါကြိုတင် ကာကွယ်ရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့  ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ်  (COVID-19)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရောဂါကူးစက်မှု မရှိစေရန်   အဖျားတိုင်းတာခြင်း၊  နှခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး  ဟောပြောပွဲများ၊    မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၇ ရက်မှ စတင်ပြီး   ယခုအချိန်အထိ   အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)