ချင်းရွှေဟော် ၊    ဒီဇင်ဘာ  ၃

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသမီး တစ်ဉီးထံမှ ဒီဇင်ဘာ ၂ ရက်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ရာ ၎င်းကိုဗစ်-၁၉အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၅၅ ဉီးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ပထမအကြိမ် Rapid Test Kit ဖြင့်စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက် အဖြေအရ ထိတွေ့သူအားလုံးတွင် ရောဂါပိုး မတွေ့ရှိရကြောင်းနှင့် ၁၀ ရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)