ချင်းရွှေဟော် ဇွန် ၂၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ အမျိုးသား ၂၃၆ ဦးနှင့် အမျိုးသမီး ၁၉၄ ဉီး စုစုပေါင်း ၄၃၀ တို့အား ကိုဗစ် -၁၉ ရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲ နမူနာ Swab များရယူခြင်းကို ဇွန်၂၆ ရက် နံနက် ၉ နာရီက ကိုးကန့်စာသင်ကျောင်းဝင်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ ချင်းရွှေဟော် ကိုးကန့်ပရဟိတအဖွဲ့များ၊ သန္တိသုခ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန် အချက်အလက်များ တိကျမှန်ကန်စွာ ကောက်ယူ၍ ဓာတ်ခွဲနမူနာ အာခေါင်တို့ဖတ် Swab များရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာ Swab များအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)