ချင်းရွှေဟော်၊ ၂၅ ဒီဇင်ဘာ

 

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ (၂၀) အား ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ Rapid Test Kit ဖြင့် စစ်ဆေးပေးခဲ့သည်။

 

mdn

 

ယနေ့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၂၀ တွင် အမျိုးသား(၈)ဉီး၊ အမျိုးသမီး (၁၂)ဉီးတို့ဖြစ်ပြီး ပထမအကြိမ် Rapid Test Kit ဖြင့်စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရဘဲ ၁၀ ရက်အကြာတွင် ၎င်းတို့ထံမှ ဒုတိယအကြိမ်အဖြစ် ဓာတ်ခွဲနမူနာများရယူ၍ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေး သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)