ချင်းရွှေဟော် ဩဂုတ် ၂၂

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့်  ဝယ်ယူတင်သွင်းလျက်ရှိရာ ဩဂုတ် ၂၀ ရက်တွင်လည်း အောက်ဆီဂျင်အိုးများအပါအဝင် အခြားရောဂါ ကာကွယ်ရေးနှင့် ကုသရေးသုံးပစ္စည်းများ ဝင်ရောက်လာခဲ့သည်။

လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလွတ်အလုံး ၉၉၀၊ လီတာ ၂၀ ဆံ့ အောက်ဆီဂျင်အိုးအလွတ် အလုံး ၅၅၀၊ ၁၅ လီတာဆံ့အောက်ဆီဂျင်အိုးအလွတ် အလုံး ၄၃၃၀၊ Oxygen Plant စက်တစ်လုံး၊ နှာခေါင်း စည်း ၅၉၈၆ ဖာ၊ PPE ဝတ်စုံ ၁၉၇၁ ဖာ၊ Medical Regulator ၁၉၃ ဖာ၊ တွန်းလှည်းဖာ ၂၅၀၊ Oxygen Concentrator စက် ၂၁၅ ဖာ၊ ဗီတာမင်စီဆေး ၁၁၃၄ဖာ၊ မျက်မှန် ၂၁၆ ဖာ၊ ခေါင်းစွပ် ဖာ ၁၀၀၀ နှင့် MANNITOL ထိုးဆေး ဖာ ၂၄၀၀ တို့ကို တင်ဆောင်လာသည့် ကုန်တင်ယာဉ်ကြီးများ ဩဂုတ် ၂၀ ရက်တွင် ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ယာဉ်ကြီးများသည် ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် ချင်းရွှေဟော်မြို့ ဝမ်ချွန်းလျှံဂိုဒေါင်၊ နဂါးနီဂိုဒေါင်၊ ကွမ်းလုံမြို့နယ် ရွှေကူဝကျေးရွာရှိ ရွှေတြိဂံဂိုဒေါင်၊ ချင်းရွှေဟော်မြို့ အားလျန်ကွင်းနှင့် ကွမ်းလုံမြို့နယ် ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်တို့အထိဝင်ရောက်ခဲ့ပြီး ပါရှိလာသည့် အောက်ဆီဂျင်အိုးများအပါအဝင် ကျန်းမာရေးသုံးပစ္စည်းများကို အထက်ပါဂိုဒေါင်များတွင် လုပ်ထုံး လုပ်နည်းများနှင့်အညီချိန်းပြောင်းတင်ဆောင်သွားမည်ဟု သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)