ဂန့်ဂေါ ၁၅ ဖေဖော်ဝါရီ
ချင်းတိုင်းရင်းသားစာပေတိုးတက်ရေးအဖွဲ့(ယော) ဆပ်ပြာပြုလုပ်မှုသင်တန်းကို ဂန့်ဂေါခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ချင်းစာပေဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကုန်လျန်းမာန်က ဆပ်ပြာပြုလုပ်မှု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆပ်ပြာပြုလုပ်နည်းများကို ဆရာမဒေါ်သဲဆုမွန်က ဦးဆောင်သင်ကြားပေးကြောင်း သိရသည်။
ထို့နောက် သင်တန်းသို့ ၅ မိုင်ပတ်လည်ရှိ ချင်းတိုင်းရင်းသားစာပေတိုးတက်ရေးအဖွဲ့(ယော) အဖွဲ့ဝင် ၅၈ ဦးတက်ရောက်သင်ကြားကြပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ သင်တန်းပို့ချ သင်ကြား ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)