ကလေးဝ ၁၄ မေ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိပြီးနောက် မုံရွာမြို့ကိုအခြေပြု၍ ချင်းတွင်းမြစ် အထက်ပိုင်းမြို့များဖြစ်သည့် ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီးမြို့များသို့ ပြေးဆွဲလျက်ရှိသော အမြန်ရေယာဉ်များကိုမတ် ၃၁ ရက်နေ့က စတင်ရပ်နားခဲ့ရာ ယခုအခါစတင်၍ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
"ခရီးသည်တင် အမြန်ရေယာဉ်တွေ စတင်ပြေးဆွဲတာက ၅ ရက်လောက်ရှိပြီ တစ်နေ့ကို အမြန်ရေယာဉ် ၂ စီး အလှည့်ကျပြေးဆွဲတယ် ဆိုသော်လည်းပုံမှန်မရှိဘူး တစ်နေ့တစ်စီးလည်း ဆွဲဖြစ်တယ် ကလေးဝမြို့ကလိုက်တဲ့ ခရီးသည်ကို ကျွန်မတို့ကကျန်းမာရေး ထောက်ခံချက်ပါမှ လက်မှတ်ဖြတ်ပေးတယ် ဈေးနှုန်းက ပုံမှန်စီးနင်းခပဲ ကောက်ခံတာပါ ဈေးမတက်ပါဘူး အမြန်ရေယာဉ်ကလည်း ၅၀ ရာခိုင်နှုန်း ထိုင်ခုံ ၂ ခုံကို တစ်ယောက်နှုန်းပဲ တင်တာပါဟု" ကလေးဝ အမြန်ရေယာဉ် MGRG ဂိတ်မှူးမငုဝါက ပြောကြားခဲ့သည်။
သက်ဟန်(ကလေးဝ)


