ဟုမ္မလင်း ၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်အတွင်းသန့်ရှင်း သာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရန်အတွက် ချင်းတွင်းမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ် အမှိုက်များ သိမ်းဆည်ခြင်းနှင့် ရှင်းလင်းခြင်းကို ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ မတ် ၄ ရက် နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမျိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်စန်းယဉ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


