ခန္တီး ၁၃ ဇူလိုင်
ယနေ့နံနက် (၆)နာရီခွဲ တိုင်းထွာချက်အရ မိုးရေချိန် ၂၁ မီလီမီတာ ဝ ဒသမ ၈၃ လက်မနှင့် ချင်းတွင်းမြစ်ရေသည် ၁၃၀၅ စင်တီမီတာရှိပြီး နံနက်(၇)ခွဲ တိုင်းထွာချက်အရ ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေသည် (၁၃၀၇) စင်တီမီတာသို့ရောက်ရှိနေပြီး ခန္တီးမြို့၏ အမြင့်ဆုံးစိုးရိမ်ရေမှတ်သည် ၁၃၆၀ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထိုင်းထွာရေး(၃) ဦးတန်ဆိုင်းပြောပြချက်အရ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၂၄) နာရီ အတွင်း (၁၃၅၀)စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနိုင်သည်ဟု ပြောပြခဲ့သည်။
စနေမောင်(ခန္တီး)


