ရေစကြို ၁၃ စက်တင်ဘာ 


ရေစကြိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နွယ်နီကျွန်းကျေးရွာ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ရေစကြိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက နွယ်နီကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သော အိမ်ခြေ ၈ လုံး အိမ်ထောင်စု ၈ စု လူဦးရေ ၂၈ ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး ၈၀ဝ၀ဝ၀ ကျပ် ဆန်ရိက္ခာဖိုး ၅၈၈၀ဝ စုစုပေါင်း ၈၅၈၈၀ဝ ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


နွယ်နွယ်အောင်(ပြန်/ဆက်)