ရေစကြို ၁၆ ဇွန်
ရေစကြိုမြို့နယ် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားကာ ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့ခဲ့ရသော လူနေအိမ် (၉)လုံးအား ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ အောင်ပန်းချောင်းကျေးရွာ အုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ (၃၉)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၉၀ဝ၀ဝဝ၊ ဆန်ရိက္ခာဖိုး ငွေကျပ် ၈၁၉၀ဝ စုစုပေါင်းငွေကျပ် ၉၈၁၉၀ဝ အား ရေစကြိုမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ အောင်ပန်းချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင်(ရေစကြို ပြန်/ဆက်)


