ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ပါရာမိုတာစီးနင်းသူများစုပေါင်း၍ အလှပြပျံသန်းမည်

မုံရွာ  ၄  ဧပြီ    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဒုတိယအကြိမ် ကျင်းပမည့် ချင်းတွင်းသဲသောင်ပြင် သင်္ကြန်ပွဲတော်တွင် စက်တပ်လေထီး (ပါရာမိုတာ)စီးနင်းသူများစုပေါင်း၍ အလှပြပျံသန်းမည်ဖြစ်ကြောင်း Myanmar PPG ကလပ်အတွင်းရေးမှူ းကိုနောင်နောင်က ပြောသည်။

 

ချင်းတွင်းသဲသောင်ပြင် သင်္ကြန်ပွဲတော်တွင်  စက်တပ်လေထီး(ပါရာမိုတာ)အလှပြ စီးနင်းပျံသန်းခြင်းကို ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင် အလှပြ ပျံသန်းမည်ဖြစ်ကြောင်း Myanmar PPG ကလပ်ထံက သိရသည်။

 

''စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဖိတ်ခေါ်မှုအရ ကျွန်တော်တို့ ကလပ်က ပါရာမိုတာစီးနင်းသူ ၁၀ ဦးလောက် ချင်းတွင်းသင်္ကြန်ပွဲတော်ကို သွားရောက်အလှပြစီးနင်းပျံသန်းပါမယ်။ ကျွန်တော်တို့ကလပ်ကလည်း မြန်မာနိုင်ငံအနှံ့မှာ ပျံသန်းတယ် အဓိကက ပါရာမိုတာ စီနင်းပျံသန်းမှု တိုးတက်စေချင်တယ်။ ပြီးတော့ခရီးသွားလုပ်ငန်းကို promote လုပ်တဲ့သဘောလေးပါ "ဟု Myanmar PPG ကလပ်အတွင်းရေးမှူ းကိုနောင်နောင်က ပြောသည်။

 

ပြီးခဲ့သည့်နှစ်က ကျင်းပသည့် ချင်းတွင်းသဲသောင်ပြင် သင်္ကြန်ပွဲတော်တွင်လည် းMyanmar PPG ကလပ်မှ  စက်တပ်လေထီး(ပါရာမိုတာ)စီးနင်းသူ (၅)ဦး ပထမအကြိမ် သွားရောက်အလှပြစီးနင်းပျံသန်း ခဲ့ကြောင်း၊ယခုအကြိမ်မြောက်သည် ဒုတိယအကြိမ်မြောက်အဖြစ် လူဦးရေ ၁၀ ဦးခန့် ဖြင့် စီးနင်းပျံသန်းမည်ဖြစ်ကြောင်း Myanmar PPG ကလပ်မှ သိရသည်။

 

ပြည်တွင်းခရီးသွားကဏ္ဏမြှင့်တင်ခြင်းအတွက် ထိုင်းနိုင်ငံမှ Asean Paramotoring Club ( FLY ASEAN ) မှ ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူများ၊ပြည်တွင်းမှ ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူများ ပူးပေါင်း၍ ပြီးခဲ့သည့် လများက မြန်မာနိုင်ငံအတွင်းရှိ အထင်ကရ နေရာများတွင် အလှပြစီးနင်းပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ကိုမင်း(အင်းတော်)

 

FB_IMG_1