ခင်ဦး ၂၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ဘူတာမှ စတင်ပြေးဆွဲနေသော RBE ရထားကို မတ် ၂၁ ရက်နေ့မှ စတင်ပြီး အချိန်ပြင်ဆင်ပြေးဆွဲကြောင်း သိရသည်။
ပုံမှန် နံနက် ၄ နာရီ ၁၅ မိနစ် ပြေးဆွဲနေသော ခင်ဦး-မန္တလေး RBE ရထားကို နံနက် ၄ နာရီ ၄၅ မိနစ်သို့ အချိန်ပြောင်းလဲ ပြင်ဆင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ အမှတ် (၄၅)အဆန် (၄၆) အစုန် ကောလင်းလော်ကယ်ရထားကိုလည်း မတ် ၂၁ ရက်နေ့တွင် ဖျက်သိမ်းပြီး ၎င်းအစား အမှတ် (၄၇) အဆန် (၄၈) အစုန် မန္တလေး-နဘား လော်ကယ်ရထားကို အချိန်အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း ခင်ဦးဘူတာ ရုံပိုင်(တာဝန်ခံ) ဦးစောသိန်းဝင်း၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


