ခင်ဦး  ၅   အောက်တိုဘာ


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ အောက်တိုဘာ ၄ ရက်နေ့ ညနေ ၃ နာရီ က ဘင်ခရာတီး သင်တန်းကျင်းပခဲ့ကြောင်း သိရသည်။

 

a

 


အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဘင်ခရာတီးဝိုင်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးစိုးဝင်းအောင် တို့က ဘင်ခရာတီးသင်တန်း တက်ရောက်နေကြသော ကျောင်းသား/ကျောင်းသူလေးများ၏ သင်ကြားနေမှုကို ကြည့်ရှု အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


“ပဉ္စမတန်း နှင့် ဆဋ္ဌမတန်းမှ ကျောင်းသား/ကျောင်းသူ (၁၁၀) ဦးတို့ကို သင်တန်းသား/သင်တန်းသူအဖြစ် ဘင်ခရာတီးနည်းပြဆရာ ဦးနေမျိုးထွေး နှင့် ဦးမျိုးမင်းခိုင် တို့က အခြေခံပုလွေ (FLUTE) လေ့ကျင့်ခန်း၊ SIDE DRUM တီးခတ်မှုဆိုင်ရာလေ့ကျင့်ခန်း၊ TENOR DRUM တီးခတ်မှုဆိုင်ရာလေ့ကျင့်ခန်း၊ BASS DRUM တီးခတ်မှုဆိုင်ရာလေ့ကျင့်ခန်း၊ CYMBAL- TRINGLE-TANBOURINE ဆိုင်ရာလေ့ကျင့်ခန်းများ ကို တက်မြောက်သည်အထိ တာဝန်ယူ၍ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း” ဘင်ခရာတီးဝိုင်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးစိုးဝင်းအောင် က ပြောသည်။


ချစ်စံ(ခင်ဦး)