ခင်ဦး ၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရန်အတွက် လေးခန်းတွဲလေးထပ်အဆောက်အအုံ (၇၅) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့တို့က မေ ၈ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အလျား ၆၈ ပေခွဲ၊ အနံ ၅၃ ပေ၊ လေးခန်းတွဲလေးထပ်အဆောက်အအုံ ဝန်ထမ်းအိမ်ရာကို လင်းခန့်ကြွယ်ကုမ္ပဏီက ငွေကျပ် ၃၃၉ ဒသမ ၃ သန်းဖြင့် ဆောက်လုပ်ထားရာ အဆိုပါအဖွဲ့က အဆောက်အအုံကို သတ်မှတ်ထားသော ဆောက်လုပ်ရေးပစ္စည်းများ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ထားရှိမှု ရှိ၊ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


