ခင်ဦး   ၁၆    သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရန်အတွက် လေးခန်းတွဲ လေးထပ်အဆောက်အအုံနှင့် တိုးချဲ့လူနာဆောင် နှစ်ထပ်အဆောက်အအုံ ဆောက်လုပ်နေမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသိန်းဇော်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့တို့က သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။


ဝန်ထမ်းအိမ်ရာကို ဆေးရုံအရှေ့ဘက်တွင် အလျား ၆၈ ပေခွဲ၊ အနံ ၅၃ ပေ လေးခန်းတွဲ လေးထပ်အဆောက်အအုံကို လင်းခန့်ကြွယ်ကုမ္ပဏီက ငွေကျပ် ၃၃၉ ဒသမ ၃ သန်းဖြင့် လည်းကောင်း၊ တိုးချဲ့လူနာဆောင်ကို ဆေးရုံရှေ့တွင် အလျား ၁၄၃ ပေ၊ အနံ ၅၆ ပေ၊ ခွဲစိတ်ခန်းနှင့် မွေးခန်းပါ နှစ်ထပ်အဆောက်အအုံကို ကြယ်နတ်သမီးကုမ္ပဏီက ငွေကျပ် ၄၃၉ ဒသမ ၆ သန်းဖြင့်လည်းကောင်း ဆောက်လုပ်လျက်ရှိသည်။ အဆိုပါ အဆောက်အအုံများကို သတ်မှတ်ထားသော ဆောက်လုပ်ရေး ပစ္စည်းများ အရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ် ထားခြင်း ရှိမရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)