ခင်ဦး၊ ၂၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကယ်ရေး ပညာပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်ခင်ချိုမော်နှင့် မြို့ပေါ်ရှိ သားဖွားဆရာမများက ဈေးရောင်းသူနှင့် ဈေးဝယ်သူများထံ အခမဲ့ဖြန့်ဝေပေးကြသည်။
ပညာပေးလက်ကမ်းစာစောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိုက်တွန်းနှိုးဆော်ချက်များ ပါဝင်ပြီး လက်ကမ်း စာစောင် ၅၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


