ခင်ဦး ၂၉ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၀ မိုးရာသီ သစ်ပင်စိုက်ပျိုး နိုင်ရန် ပျိုးပင်ပေါင်း (၂၆၆၉၇) ပင်ကို ယနေ့ နံနက်ပိုင်းက မြို့မယာယီပျိုးဥယျာဉ်၌ အခမဲ့ ဖြန့်ဝေပေးနေကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေအောင်နှင့် တောအုပ် ဦးဝေဖြိုးအောင်တို့ ဦးဆောင်၍ လျှော်ဖြူ (၁၀၅၂၄)ပင်၊ ဗန်ဒါ (၄၇၆)ပင်၊ ကျွန်းပင် (၅၀ဝ၀) ၊ တမာ (၇၇၆) ပင်၊ မျောက်ငို (၁၃၇) ပင်၊ ငုရွှေဝါ (၃၂) ပင်၊ အုန်းသျှစ်ပင် (၄၀)၊ စိန်ပန်းပြာ/နီ (၁၆၁)ပင်၊ ပင်လယ်ကဗွီး (၆၁၂) ပင်၊ ပန်းတမာ (၈၉)ပင်၊ စွယ်တော် (၉၅) ပင်၊ သဘူဗေတ (၁၉) ပင်၊ မန်ကျည်း (၃၁၅) ပင်၊ တယ် (၇၅၂) ပင်၊ ခရေ (၆၉၁)၊ မယ်ဇလီ (၆၄) ပင်၊ သခွပ် (၃၉) ပင်၊ ယူကလစ် (၆၂၄) ပင်၊ ပျဉ်းကတိုး (၄၅၈) ပင်၊ မယ်ဇယ် (၄၁၆) ပင်၊ ဖန်းခါး (၅၄)ပင်၊ မန်ဂျန်းရှား (၂၃) ပင်၊ အင်ကြင်း (၄၃)၊ တမလန်း (၈၃) ပင်၊ မအူ (၆၄) ပင်၊ ဖက်သန်း (၄၅၀) ပင်၊ စစ်(သစ်ဖြူ) (၅၂၀)ပင်၊ ဇီးဖြူ (၃၉၆) ပင်၊ ထနောင်း (၁၇၃) ပင်၊ သီး (၆၀ဝ) ပင်၊ ရှား (၆၀ဝ)ပင်၊ ဖျောက်ဆိပ် (၇၀ဝ)ပင်၊ သစ်စေး (၁၈၀)ပင်၊ ဒဟတ် (၁၀၄၀) ပင်၊ ဗာတီဗာ (၈၅) ပင်၊ ဝါး (၃၀ဝ) ပင်၊ လက်ပံ (၆၆) ပင်၊ စုစုပေါင်း (၂၆၆၉၇) ပင်တို့ကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၄၇) ရွာအား ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် သစ်ပင်ချစ်နှစ်သက်သူ ပြည်သူများကို နှာခေါင်းစည်း (Mask)များတပ်၍ ၆ ပေကွာ တစ်ဦးချင်း တန်းစီကာ စနစ်တကျ အခမဲ့ ဖြန့်ပေးဝေသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်သစ်တောရုံးတွင်လည်း လာရောက်ယူနိုင်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ်ဦးဝေဖြိုးအောင်က ပြောသည်။
ချစ်စံ(ခင်ဦး)


