ခင်ဦး ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ပြုလုပ်ခဲ့သည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ၁၀ ဦး ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


