ခင်ဦး ၂၈ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် နိုင်ငံရေး ပါတီပေါင်းစုံ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

852

 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးလှိုင်ဝင်းထွန်းက လူဦးရေစာရင်း၊ မဲဆန္ဒရှင် စာရင်းကောက်ယူပြုစုခြင်း၊ အခြေခံ မဲဆန္ဒရှင် ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၀ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလျာထားသတ်မှတ်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

 

85

 

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)