ခင်ဦး၊ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲမှစ၍ ပန်းခင်းစီမံချက်ဖြင့် ပေါင်းလှဲကုန်းကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို နေ့ချင်းပြီး ဆောင်ရွက်ခြင်း၊ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက် (၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၄)ကတ်၊ ရွှေ့ပြောင်းအိမ်ထောင်စု (၄)စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသော ပြည်သူများကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်စိုးထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)


