ခင်ဦး ၂၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ဒီဇင်ဘာ (၂၉) ရက်နေ့ နံနက်(၉)နာရီက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးအဖွဲ့သည် သွားနှင့်ခံတွင်းရောဂါအမျိုးမျိုးအား (အခမဲ့) ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ဒေါက်တာစောယုလှိုင်က နည်းစနစ်မှန်ကန်စွာ သွားတိုက်နည်း၊ သွား၊ ခံတွင်းကျန်းမာရေး ဆောင်ရန်/ရှောင်ရန်နှင့် ခန္ဓာကိုယ်ကျန်းမာရေး ဆက်စပ်နေပုံအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့သည်။
ထိုနောက် သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေးအဖွဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ/ဌာနမှူး ဒေါက်တာကိုကိုစိုး၊ ဒေါက်တာစောယုလှိုင်တို့ ဦးဆောင်သော ဆရာ/ဆရာမ ဦးရေ ၂၀ နှင့် အလုပ်သင်ဆရာဝန် ဦးရေ ၃၀ တို့သည် သွားနှင့် ခံတွင်းဝေဒနာခံစားနေရသော မြို့ပေါ် (၅) ရပ်ကွက်မှ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ လူဦးရေ ၂၀ဝ ခန့်ကို (အခမဲ့)ကုသပေးပြီး သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်၍ ၂၈ ရက်န့အထိ ရွာစဉ်ကျေးရွာ၊ ရွာသာကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ သာဝတ္ထိကျေးရွာ၊ မြင်းဒေါင်းကျေးရွာ၊ မဒေါင်းလှကျေးရွာ၊ အင်ကြင်းပင်ကျေးရွာများသို့ လှည့်လည်၍ ကျေးရွာနေပြည်သူ စုစုပေါင်း ဦးရေ(၁၀ဝ၀) ကျော်တို့ကို (အခမဲ့) ကုသဆောင်ရွက်ပေးခဲ့ကြောင်း “ဒေါက်တာစောယုလှိုင်” က ပြောသည်။
ချစ်စံ(ခင်ဦး)