ခင်ဦး   ၂၅  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သန့်ရှင်းသောသောက်သုံးရေရရှိရန် စက်ရေတွင်း တူးဖော်ပေးခဲ့ရာ ရေရပြီ ဖြစ်သဖြင့် ဂါလန် (၁၀ဝ၀) ဆံ့ ရေကန်နှင့် ရေစက်ရုံ တည်ဆောက်နိုင်ရန်အတွက် မေလ ၂၄ ရက်နေ့က ပန္နက်တင်မင်္ဂလာကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးညီညီဦးနှင့် ကျေးရွာရေရရှိရေး ကော်မတီတို့က ဆောင်ရွက်ကြသည်။ 

 

အဆိုပါ စက်ရေတွင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် (၄ ဒသမ ၁၉) သန်းဖြင့်  (၂) လက်မ စက်ရေတွင်း၊ ပေ (၄၀ဝ) တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်ရေတွင်းတူးဖော်ပြီး ရေကန်ဆောင်ရွက် ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ (၆၀)ရှိ လူဦးရေ (၂၄၀) ဦးခန့်အတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဦး၏ ပြောကြားချက်အရ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)