ခင်ဦး  ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၅) နေရာခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၉ ရက်နေ့က လူဦးရေ (၃၄၉၉) ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးကြောင်း သိရသည်။

ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ဓမ္မာရုံ၊ အထက၊ မြို့နယ်စည်ပင်သာယာရုံး၊ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေး ဌာနနှင့် မြကန်သာ (အမက) တို့တွင် ထိုးနှံပေးခဲ့ရာ အသက် (၆၅)နှစ်နှင့် အထက် (၈၉၂) ဦး၊ သံဃာတော်၊ သီလရှင်၊ ဘာသာရေးပုဂ္ဂိုလ် (၁၉၇) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၉၆) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၅၁၆) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ (၈) ဦး၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း (၁၀) ဦး၊ ဈေးသူဈေးသား (၁၂၈၀) ဦး စုစုပေါင်း (၃၄၉၉) ဦးကို အောင်မြင်စွာထိုးနှံပြီးစီး ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံက သိရသည်။
    
စိုးဝေအောင်(ခင်ဦး)

mdn