ခင်ဦး ၁၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း မိုးစပါးစိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများရှိ တောင်သူဦးကြီးများအား နိုဝင်ဘာလ ၁၆ ရက်နေ့က နှိုးဆော်ပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်တွင် မိုးစပါးစိုက်ဧက (၈၁၉၁၁) ဧက ရှိပြီး ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ မနော်ဟရီ၊ ရွှေသွယ်ရင် စပါးမျိုးများ စိုက်ပျိုးထားရာ ယခုအချိန်တွင် မိုးစပါးစိုက်ခင်းအတွင် ဖြုတ်ပိုး အနည်းငယ်တွေ့ရှိသဖြင့် စပါးသီးနှံများ ပိုးမွှားရောဂါကျရောက်မှုကြောင့် ထိခိုက်ပျက်ဆီးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး နှိုးဆော်စာများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုးများထံ အသိပေးနှိုးဆော်စေခြင်း၊ စိုက်ပျိုးရေးဌာန၏ နည်းပညာပြန့်ပွားရေး စင်တာများတွင် ဝန်ထမ်းများက ကျေးရွာများသို့သွားရောက်ပြီး အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခြင်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်စေခြင်းများကို နှိုးဆော်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
စိုးဝေအောင်(ခင်ဦး)


