ခင်ဦး  ၃၁ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကဘွက်ကျေးရွာနှင့် ရုံးပင်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၉)စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူး ဒေါ်ချောစုက ရေဘေးသင့်အိမ်ထောင်စု (၉)စု၊ လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၉၃၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကဘွက်ကျေးရွာတွင် အိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၄)ဦးနှင့် ရုံပင်ကျေးရွာ တွင် အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦး နေအိမ်မှပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)