ခင်ဦး ၁၆ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်မြန်မာ့အာမခံ လုပ်ငန်းတို့ ပူးပေါင်း၍ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်ထိ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များကို နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ 

မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးရာတွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာညွှန့်က လိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်း လမ်း စည်းကမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ 

ထို့နောက် မော်တော်ဆိုင်ကယ် ယာဉ်မောင်းပြုလုပ်သူ ၁၁၉ ဦးတို့ကို အဆိုပါရုံးရှေ့ သရုပ်ပြကွင်း၌ ဆိုင်ကယ် စီးနင်းရာတွင် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကို ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ (ယာဉ်မောင်းစစ်ဆေးရေးမှူး/၃) ဦးစည်သူခိုင်က လက်တွေ့သရုပ်ပြရှင်းလင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)