ခင်ဦး  ဩဂုတ် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းစိုက်ပျိုးရေးနည်းပညာပေးစခန်း(KC) နယ်မြေရှိ တောင်သူ ဦးဝင်းမြင့်၏ ကွင်းအမှတ် (၂၂၉၆) ရှိ (၄)ဧကတွင် မိုးစပါး ပေါ်ဆန်းရင်မျိုးကို တစ်ဧက တင်း (၁၀၀) ထွက်ရှိရေးအတွက် ဩဂုတ် ၂၉ ရက်က မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ကြီးကြပ်၍ သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးခဲ့သည်။

 

ခင်ဦးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် သဖန်းဆိပ်ဆည် ရေသောက်ဧက (၅၅၂၃၉)၊ လျှပ်စစ်ရေတင် ဧက (၅၅၀)၊ တောင်သူစက်ရေတင် ဧက (၂၅၀)၊ အခြားဆည်ကန် ဧက (၆၁၂၅)နှင့် မိုးကောင်းသောက်ဧက (၃၈၈၃၆)  စုစုပေါင်း ဧက (၁၀၁၀၀၀) စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အချိန်ထိ ဧက (၆၀၂၂၃) စိုက်ပျိုးပြီးခဲ့ ကြောင်း သိရသည်။

 

ယခုနှစ်တွင် ဆည်ရေအပြည့်အဝရရှိသည့်အပြင် မိုးရွာသွန်းမှုမှာ မနှစ်ကထက် ပိုမိုရရှိသဖြင့် ခင်ဦးမြို့နယ် အနေဖြင့် ယခင်နှစ်ထက် မိုးစပါးကို ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် လျာထားချက် ပြည့်မီနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)