ခင်ဦး ၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၃ ရက်ထိ မိုးစပါးစိုက်ဧက (၁၀၀၀၀) ကျော် ရေနစ်မြုပ်လျက်ရှိသည်။
ခင်ဦးမြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မူးတိမ်ချောင်းရေလျှံမှုနှင့် စက်တင်ဘာလ ၂၂ ရက်တွင် မောရချောင်း ရေဝင်ရောက်မှုကြောင့် ပင်တင်းကန် ကျိုးပေါက်ခဲ့ပြီး မိုးစပါးစိုက်ခင်းများ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ခင်ဦးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း (၂၄) အုပ်စု၊ တောင်သူပေါင်း (၃၁၄၀) ၊ မိုးစပါးစိုက်ဧက (၁၃၁၉၆) ဧက ရေလွှမ်းမိုးနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။
စိုးဝေအောင်(ခင်ဦး)