ခင်ဦး၊ ၁၈ ဇန်နဝါရီ

           

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ Physical Fitness Dance ကစားသူများအား ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ဝတ်စုံများ ထောက်ပံ့ခဲ့သည်။

           

 

Physical Fitness Dance ပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တနင်္လာနေ့တိုင်း Online မှ တစ်ဆင့် Physical Fitness Dance တင်ဆက်နေသူများ၊ လှုပ်လှုပ်ရှားရှား လူထုအားကစား အစီအစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သူများအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ဆူးနှင့် အဖွဲ့ဝင်များက ဝတ်စုံ ၄၀ ထောက်ပံ့ရာ အထက်တန်းပြ၊ ကာယဆရာမ ဒေါ်ရီလေးမေက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

 

စိုးဝေအောင်(ခင်ဦး)