ခင်ဦး ၁၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၁၀ဝ၀ ပေးအပ်ပွဲကို မတ် ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်က ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၁၀ဝ၀ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်က ရန်ပုံငွေသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခွင့်ပြုရန်ပုံငွေရရှိသော ရပ်ကွက်/ကျေးရွာ ၃၁ ရွာမှ အုပ်ချုပ်ရေးများနှင့် ကော်မတီဝင်များ အား သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က ရရှိရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၁၀ဝ၀ မှ သောက်သုံးရေနှင့် လမ်း၊ တံတားများတွက် ဖွံ့ဖြိုးရေးဆောင်ရွက်သုံးစွဲခွင့်ရရှိသော ရပ်ကွက်/ကျေးရွာများမှာ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ရွာသန်းကျေးရွာ၊ အင်းပတ်ကျေးရွာ၊ ရွှေကူတဲစုကျေးရွာ၊ သာဝတ္ထိကျေးရွာ၊ ငှက်ပျောရွာကျေးရွာ၊ ရှင်မင်းဒွေကျေးရွာ၊ ရုံးစုကျေးရွာ၊ ယာတော်ကျေးရွာ၊ မကျီးအုပ်ကျေးရွာ၊ ယောက်သွားအိုင်ကျေးရွာ၊ တပင်ကောင်းကျေးရွာ၊ ပင်တင်းကျေးရွာ၊ မြစ်တော်ကျေးရွာ၊ ကြို့ကန်ကျေးရွာ၊ ဒါန်းကုန်းကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ကျွန်းဆွယ်ကျေးရွာ၊ အောင်သာကျေးရွာ၊ မြို့သစ်ကျေးရွာ၊ ရွှေယမင်းကျေးရွာ၊ တာတိုင်ကျေးရွာ၊ ငါးတင်းကြီးကျေးရွာ၊ အင်တိုင်းလေး(တ)ကျေးရွာ၊ လက်ပံလှကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ကံသစ်ကျေးရွာ၊ မဒေါင်းလှကျေးရွာနှင့် ရွှေကျောက်တန်းကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)