ခင်ဦး(စက်တင်ဘာ-၂၅)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေးအစီအစဉ်အရ ခင်ဦးအခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက “ကရာတေးဒို” (Kempo) အခြေခံသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

၇

 

သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ရေး အတွက် ကရာတေးဒို သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ရွှေဘိုခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင် က ကရာတေးဒို (Kempo) အခြေခံသင်တန်း နည်းပြအဖြစ်တာဝန်ယူ၍ ကျောင်းသူစုစုပေါင်း (၁၅၀) ဦးတို့ကို (၂၅.၉.၂၀၁၉ ရက်နေ့မှ ၂၇.၉.၂၀၁၉ ) ရက်နေ့အထိ တစ်ရက် နှစ်ကြိမ် (၃) ရက်ကြာ သင်ပြလေ့ကျင့်ပေးသွာမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)