ခင်ဦး ၁၄ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရှားပါးသော ကျေးရွာများတွင် စက်ရေတင်ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများ၊ တာဝန်ခံအင်ဂျင်နီယာ ဦးရဲစိုးအောင်တို့က စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အိမ်ခြေ ၂၆၀၊ အိမ်ထောင်စု ၂၉၂၊ လူဦးရေ ၁၇၄၉ ဦးရှိ ကဘွက်ကျေးရွာတွင် သောက်သုံးရေးရှားပါးမှုကြောင့် ရေပေးရေးတွင်းနက်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လျာထားရာ (ဘူမိရူပဗေဒ) ဖြင့် မြေအောက်ရေတိုင်းတာချက်အရ တွင်းနက်တူးဖော်ခြင်းမရသည့်အတွက် ကျေးရွာရပ်မိ/ရပ်ဖများနှင့် ရွာသူ/ရွာသားတို့၏ သဘောဆန္ဒဖြင့် ဧရာဝတီမြစ်မှ မြစ်ရေတင် ရေပေးရေးစနစ်အဖြစ်သို့ ပြောင်းလဲဆောင်ရွက်ရာ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် (၁၅ ဒသမ ၂)သန်းဖြင့် ဂါလန်(၂၄၀ဝ)ဆန့် စင်မြင့်ရေစင်(၁၀ ပေ× ၈ ပေ × ၁၄ ပေ) တစ်စင်၊ ဂါလန်(၂၀ဝ၀)ဆန့် (၁၂ ပေ × ၆ ပေ×၅ ပေ) မြေပေါ်ရေကန်တစ်ကန်၊ (၁၀ ပေ × ၈ ပေ × ၈ ပေ)ပတ်လည် ရေတင်စက်ရုံတစ်ရုံ၊ အရှည်(၂၃၀ဝ ပေ ×၂ လက်မ)ပိုက်လိုင်းတို့ဖြင့် မြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ရာ ၁၀ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ရေပေးဝေတော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးတင်ထွန်း ကပြော၍ သိရသည်။

 

ချစ်စံ(ခင်ဦး)