ခင်ဦး ၂၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီက စတင်ပြီး မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် သတ်မှတ်စုရပ်အသီးသီးတို့တွင် ထိုးနှံ ပေးလျက် ရှိသည်။
ခင်ဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်စုရပ် စုစုပေါင်း (၁၄၇)ခု၊ အသက်ကိုးလမှ ငါးနှစ်ခွဲ အရွယ် ကလေးငယ် (၁၁၃၈၂) ဦးကို မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ချိုမော် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများက ပူးပေါင်းပါဝင်ပြီး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


