ခင်ဦး ၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စက်တင်ဘာလထိ ၂၀၁၉ ခုနှစ် မိုးသီးနှံ ၂၇၈၇၀၉ ဧက လျာထားရာ ၂၆၇၀၆၅ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ခင်ဦးမြို့နယ်တွင် မိုးစပါးမျိုးကွဲများအလိုက် ရွှေဘိုပေါ်ဆန်းဧက ၇၃၀၂၀ ၊ ရွှေသွယ်ရင် ၆၆၆၁ ဧက၊ မနော်ဟရီ ၆၀၉၈ ဧက၊ ဧရာမင်း ၇၂၉၂ ဧက စုစုပေါင်း ၉၃၀၇၁ ဧက စိုက်ပျိုးခဲ့ပြီး အခြားသီးနှံကို ၁၇၃၉၉၄ ဧက စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မိုးစပါးစိုက်ဧကမှာ ၉၂၈၅၂ ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသော်လည်း မိုးစပါးစိုက်ဧကမှာ ၉၃၀၇၁ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ထက် မိုးစပါးစိုက်ဧက ၂၁၉ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


