ခင်ဦး ၂၂ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် တက္ကသိုလ်ဝင် စာပေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၀ဝ၀) ကျော်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစ၍ စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း၊ ခင်ဦးမြို့နယ်အနေဖြင့် ခင်ဦး အ.ထ.က တွင် ကျောင်းတွင်ဖြေဆိုမည့်သူ (၇၁၀) ဦး၊ ပြင်ပဖြေဆိုမည့်သူ (၅၄၈) ဦးနှင့် မြင်းဒေါင်း အ.ထ.က တွင် ကျောင်းတွင်းဖြေဆိုမည့်သူ (၂၅၂) ဦး၊ ပြင်ပဖြေဆို မည့်သူ (၂၆၂) ဦး စုစုပေါင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေမည့်သူ (၁၇၇၂) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)