ခင်ဦး ၂   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မိမြို့ဖအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး ကြက်ဥနှင့် ဂေါ်ဖီထုပ်များ အခမဲ့ ဖြန့်ဝေခြင်းကို မေ ၂ ရက်နေ့ နံနက် ၉ နာရီက မြကန်သာအနောက်ပိုင်းရပ်ကွက်မှစတင်၍ မော်တော်ယာဉ်ဖြင့် ဒုတိယအကြိမ် အခမဲ့ ပြန်လည်မျှဝေပေးခဲ့ကြောင်း သိရသည်။

 

ယခုလို ကြက်ဥနှင့်ဂေါ်ဖီထုပ်များဖြန့်ဝေရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် အပြင်ထွက် ဈေးဝယ်ရာတွင် လူစုလူဝေးလျော့နည်းစေလကြောင်း၊ ကြက်ဥနှင့် ဂေါ်ဖီထုပ်များကို စိုက်ခင်းထိသွားရောက်ရယူသဖြင့် လတ်လတ်ဆတ်ဆတ်စားသုံးစေလိုကြောင်း စသည့် ရည်ရွယ်ချက်များဖြင့် မြို့ပေါ် (၅)ရပ်ကွက်ရှိ Stay at Home ပြည်သူများထံသို့ မြို့မိမြို့ဖအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက အခမဲ့ လှည့်လည်ဖြန့်ဝေပေးပြီး၊ ကျန်ရှိနေသော မြကန်သာအရှေ့ပိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်သီရိရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် မြနန္ဒာရပ်ကွက်များကိုလည်း အခမဲ့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းအောင်က ပြောသည်။

 

ချစ်စံ(ခင်ဦး)