ခင်ဦးမြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် PPE ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

ခင်ဦး  ၆   ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန်အတွက် အသုံးပြုနိုင်ရန် PPE ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်းကို ဧပြီ  ၆ ရက် နံနက် ၁၁ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် စင်ကာပူနိုင်ငံ(ခေတ္တ)နေ ဒေါ်မေဇင်ဌေးက PPE ဝတ်စုံတွင်ပါဝင်သော ပစ္စည်းများဖြစ်သော ISOLATION SUIT ဝတ်စုံ (၃၅) ထည်၊ လက်အိတ် (၃၅) စုံ၊ ဖိနပ် (၁၀) စုံ၊ မျက်မှန် (၁၅) လက်နှင့် အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဆေးရုံတွင် လက်ဆေးကန်(ဘေစင်) အတွက် ငွေကျပ် တစ်သိန်းကို လှူဒါန်းရာ လက်ထောက်ဆရာဝန် ဒေါက်တာကျော်စံဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)