ခင်ဦး ၂၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင်းအပိုင်းဖြစ်သော ခင်ဦး-ရေဦးကားလမ်း ကတ္တရာလမ်း တိုးချဲ့၍ ထပ်ပိုးလွှာခင်းခြင်းနှင့် ဂျင်းမြေလမ်း ပုခုံးခင်းခြင်းလုပ်ငန်း (၉၅) ရာခိုင်နှုန်းပြီးစီးမှုကို နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီ တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ခင်ဦး-ရေဦးကားလမ်း (၃) ဖာလုံကို မူလကတ္တရာလမ်း (၁၈) ပေမှ (၂၄) ပေအကျယ် ကတ္တရာလမ်းတိုးချဲ့၍ ထပ်ပိုး လွှာခင်းခြင်းနှင့် တစ်ဖက်လျှင် (၃) ပေ ဂျင်းမြေလမ်းပုခုံးခင်းခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေကျပ် (၁၀၁ ဒသမ ၆၀) သန်းဖြင့် ဝေထိုက်အောင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ (၉၅) ရာခိုင်နှုန်းပြီးစီး၍ လမ်းပုခုံခင်းခြင်း လုပ်ငန်းများသာ ကျန်ရှိတော့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင်လည်း ခင်ဦးမြို့တွင်းအပိုင်းဖြစ်သော ၀/၀ မှ ၀/၇ ထိ ခင်ဦး-သင်ပေါင်း ကားလမ်းကို မူလကတ္တရာလမ်းအကျယ် (၁၈) ပေမှ (၂၄) ပေအကျယ် ကတ္တရာလမ်းတိုးချဲ့၍ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းနှင့် ၁/၁ မှ ၂/၁ ထိ တစ်မိုင်ကို မူလကတ္တရာလမ်းအကျယ် (၁၂) ပေမှ (၁၈) ပေအကျယ် ကတ္တရာလမ်း တိုးချဲ့၍ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း တို့ကို လမ်းဦးစီးဌာနမှ လုပ်ငန်းတင်ဒါ စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ကြည်ကြည်ဝေ ၏ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


