ရန်ကုန် ဖေဖော်ဝါရီ ၂၉

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် ခွန်ခမာခါးပတ်လုပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် မြန်မာရိုးရာလက်ဝှေ့အဖွဲ့သည်

ဖေဖော်ဝါရီ ၂၈ ရက် ည‌နေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာ့ရိုးရာ

လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။

 

ခွန်ခမာခါးပတ်လုပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် ခွန်ခမာရိုးရာ လက်အိတ်စည်းမျဉ်းများအတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထွန်းထွန်းမင်းနှင့် ပရုန်းဆမ်နမ်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံ ပရုန်းဆမ်နမ်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့ကျော် ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းတို့သည် ပြီးခဲ့သည့် ဆီးဂိမ်းတွင် တွေ့ဆုံခဲ့ဖူးပြီး ယင်းပြိုင်ပွဲ၌ ထွန်းထွန်းမင်းက အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၉ ရက်နေ့ပွဲသည် မကျေပွဲဆင်နွှဲမည့် ပွဲကောင်းတစ်ပွဲလည်းဖြစ်လာမည်ဖြစ်သည်။ ယခုပွဲသည်  ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပရိသတ်အကြိုက်ဖြစ်မည့် တွဲဆိုင်းတစ်ဆိုင်းဖြစ်မည်ဆိုသော်လည်း မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းအနေဖြင့် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ပရိသတ်များက မျှော်လင့်နေကြသည်။ ပရုန်းဆမ်နမ်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပသည့် မြန်မာ့လက်ဝှေ့ကျော် ရွှေရာမာန်နှင့် ထိုးသတ်သည့်ပွဲစဉ်တွင် ရွှေရာမာန်အား အနိုင်ရယူထားသည်။ ယင်းအပြင် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေ့ဗ်နှင့်လည်း ထိုးသတ်ခဲ့ဖူးပြီး ပူးတွဲသရေရလဒ်ထွက်ပေါ်ထားသည်။

 

အောင်မြင့်(ပြန်/ဆက်)